၄ နှစ်အရွယ် မက်ဆီပေါက်စ ကလေးငယ်ကို အာဆင်နယ်ခေါ်ယူစာချုပ်

အာဆင်နယ်အသင်းဟာ မက်ဆီပေါက်စလေးလို့ အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ အသက် ၄ နှစ်ရှိ ကလေးငယ်ကို ခေါ်ယူစာချုပ်ခဲ့ပါတယ်။
ဇိန်အယ်လီဆယ်မန်လို့ ခေါ်တဲ့ အသက် ၄ နှစ်အရွယ်ကလေးငယ်ဟာ သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုနဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် အင်စတာဂရမ်မှာ ချီးကျူးမှုတွေ အများအပြားလက်ခံရရှိခဲ့သူပါ။
သူနဲ့သက်တူရွယ်တူတန်းမှာ တခြားသူတွေထက်ပိုမြန်နေပြီး ဂိုးတွေလည်း ပိုသွင်းနိုင်တာကြောင့် သူ့ရဲ့ဖခင်နဲ့တိုင်ပင်ပြီး လေ့ကျင့်မှုတွေပြုလုပ်စေခဲ့တယ်လို့ နည်းပြဆရာ ဟောင်း အော်စတင်က ပြောပါတယ်။
အယ်လီဆယ်မန်ဟာ အာဆင်နယ်အကယ်ဒမီအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြစ်ခဲ့ပြီး ငယ်ရွယ်သေးတာကြောင့် အကယ်ဒမီအသင်းနဲ့တော့ ပူးပေါင်း လေ့ကျင့်နိုင်မှာမဟုတ်သေးဘူးလို့ အသင်းက သတင်းထုတ်ပြန်ပါတယ်။
သူ့ကို အသက် ၈ နှစ်နဲ့ ၆ နှစ်အောက် ကလေးတွေကစားကြတဲ့ အနောက်လန်ဒန် ဖွံ့ဖြိုးရေးစင်တာမှာ အချိန်ပိုင်း လေ့ကျင့်မှုတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ဟေးအန့်အကယ်ဒမီမှာ အသက် ၉ နှစ်အောက်အသင်းက အငယ်ဆုံးအသင်းဖြစ်တယ်လို့ သိရပါတယ်။