စံချိန်တင်လုပ်ခရရှိမည့် အသင်းကိုသာ ဟာလန်းပြောင်းရွှေ့မည်

ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် စံချိန်တင်လုပ်ခရရှိမယ့် အသင်း ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ 

ဟာလန်းနဲ့ ဒေါ့မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့်နွေရာသီမှာ စတင်အသက်ဝင်မှာဖြစ်ပြီး ပေါင် ၆၄ သန်းသာရှိတယ်လို့ ဆိုပါတယ်။ 

အဆိုပါစာချုပ်ဖျက်သိမ်ကြေး ပမာဏဟာ ထိပ်တန်းအသင်းတွေအတွက် ပြောပလောက်တဲ့ ငွေကြေးမဟုတ်တာကြောင့် ဟာလန်းကိုခေါ်ယူရေးမှာ အပြိုင်အဆိုင်ဖြစ်လာဖို့ ရှိနေတာပါ။ 

ဟာလန်းဘက်ကတော့ တစ်နှစ်လုပ်ခပေါင်သန်း ၃ဝ ပေးချေနိုင်မယ့်အသင်းကိုသာ ပြောင်းရွှေ့မယ်လို့ အေးဂျင့်ရိုင်အိုလာကို ပြောထားကြောင်း ESPN သတင်းမှာဖော်ပြပါတယ်။ 

အဆိုပါလုပ်ခအရဆိုရင် ဟာလန်းအနေနဲ့ တစ်ပတ်လုပ်ခပေါင် ၅ သိန်းကျော်တဲ့အထိ ရရှိမှာဖြစ်လို့ စံချိန်တင်လုပ်ခဖြစ်လာမှာပါ။ 

လက်တလောမှာတော့ ဟာလန်းကိုခေါ်ယူဖို့ ပုံမှန်ဆွေးနွေးနေကြောင်း ချဲလ်ဆီးနည်းပြတူချယ်က ပြောထားပါတယ်။ 

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်၊ မန်ယူနိုက်တက်၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတွေကလည်း စိတ်ဝင် စားနေပါတယ်။ 

More News
Up