မြန်မာသံရုံးကို ဖောက်ခွဲရန် ကြိုးစားသည့် သံသယရှိသူများကို ပစ်သတ်ဖမ်းဆီး

Photo by Agency
မြန်မာသံရုံးနဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကို ဖောက်ခွဲဖို့ ကြိုးစားတဲ့ စစ်သွေးကြွလို့ သံသယရှိသူ ၆ ဦးကို ပစ်သတ်လိုက်ပြီး ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့က ပြောပါတယ်။ [caption id="attachment_49544" align="alignleft" width="300"]Photo by Agency Photo by Agency[/caption]အစောပိုင်းက ဖမ်းဆီးရမိတဲ့သူတွေဆီကနေ ရထားတဲ့သတင်းတွေအရ အင်ဒိုနီးရှား မြို့တော် ဂျကာတာ ဆင်ခြေဖုံးမှာ ပုန်းအောင်းနေတဲ့ ဗုံးဖောက်ခွဲဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ သံသယရှိသူတွေနဲ့ ရဲတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၉ နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှုဟာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ မနက်မှာ အဆုံးသတ်သွားခဲ့တယ်လို့လည်း သတင်းတွေက ရေးပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲရဲ့ ပြောရေးဆိုခွင့်ရှိသူက အသတ်ခံရသူတွေက လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ကို သေနတ်တွေ၊ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိ တဦး ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ငွေကြေး ထောက်ပံ့ပေးနိုင်ဖို့ ဓားပြတိုက်မှုတွေ ကျူးလွန်တဲ့အဖွဲ့က လူတွေ ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဒီအုပ်စုဟာ ရဲတပ်ဖွဲ့ရဲ့ အလိုရှိဆုံးသူ ဖြစ်တဲ့ အဘူဝါဒါဆန်တိုဆို ဦးဆောင်တဲ့အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ရဲတွေက လက်လုပ်ဗုံး ၆ လုံး၊ ပစ္စတို ၅ လက်၊ အမေရိကန် ဒေါ်လာ ၁ သောင်း ၆ ထောင် တန်ဖိုးရှိတဲ့ အင်ဒိုနီးရှားငွေ သန်း ၂၀၀ နဲ့ ဗုံးလုပ်တဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီသေဆုံးသွားသူတွေဟာ မေလက မြန်မာသံရုံးကို စီးနင်းဖို့ ကြံစည်သူတွေနဲ့ ပတ်သက်ခြင်း ရှိ၊ မရှိ ရဲတပ်ဖွဲ့က ကြိုးစား စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၀ ရဲ့ လိပ်စာကို ပရင့်ထုတ်ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ သြဂုတ်လကလည်း ဂျကာတာက ဘုန်းကြီးကျောင်းမှာ အသေးစားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူတဦး ဒဏ်ရာရသွားခဲ့သလို အရင် ၂ ပတ်ကလည်း သံသယရှိသူ ၉ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရတဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up