Home
မြန်မာသတင်း
ဒလန် ၁ ဦးကို ပစ်သတ်ရှင်းလင်းခဲ့ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ကြေညာ
DVB
·
October 20, 2021

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ   ဒလန် တယောက်ကို  ​အောက်တိုဘာ ၂၀ ရက်​ ဒီနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ် ရှင်းလင်း​ခဲ့တယ်လို့  ပုသိမ်မြု့ပြပြောက်ကျားတပ်ဖွဲ့ Pathein Special Task Force က ထုတ်ပြန်ပါတယ်။

ပုသိမ်မြို့  ဘူတာ​စျေးမှာ ဒီနေ့မနက် ၇ နာရီခွဲအချိန်မှာ စစ်တပ်သတင်းပေး ဒလန်ချိုဝင်းကို သေနတ်နဲ့ အနီးကပ် ၄ ချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"​တော်လှန်​ရေး ဆူး​ငြောင့်ခလုတ်တစ်ခုဖြစ်​တာကြောင့် စစ်​ကောင်စီ သတင်း​ပေး ဒလန် ချို၀င်း ကို ရှင်းလင်းတာဖြစ်တယ်။ ပုသိမ်မြို့ရှိ ဆူး​ငြောင့်ခလုတ်​ထောက်တိုင်တွေကို  ဆက်လက်ရှင်းလင်း မယ် "လို့ ပုသိမ်မြု့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခင်းဖြစ်​နေရာမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေ လာ​ရောက်စစ်​ဆေးတာတွေ ပြုလုပ်​နေ​ကြောင်း သိရှိရပါတယ်။

ပုသိမ်မြို့က ပြည်သူလူထုအနေနဲ့ အခွင့်ရေးရရင်ရသလို ရတဲ့နေရာကနေ ကူညီပေးကြဖို့လည်း ပုသိမ်မြု့ပြပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၂၀ ရက်​နေ့ မနက်ပိုင်းအထိ စစ်တပ်အမာခံသတင်း​ပေး ၃ ​ယောက်အထိ ရှင်းလင်းပြီးဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024