မြောက်ကိုရီးယားက အမျိုးအမည်မသိ ဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းကနေ အမျိုးအမည်မသိ ဒုံးကျည်တစင်းကို  အောက်တိုဘာ ၁၉ ရက်က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (JSC) က ပြောပါတယ်။

ဒါဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက နောက်ဆုံး ပစ်လွှတ်တဲ့ ဒုံးကျည်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။

သောင်မတင်ရေမကျ ဖြစ်နေတဲ့ မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ထောက်လှမ်းရေးအကြီးအကဲတွေ တောင်ကိုရီးယား မြို့တော် ဆိုးလ်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ခုလို ပစ်လွှတ်ခဲ့တာလို့ အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက ဖော်ပြပါတယ်။

ဆိုးလ်မြို့တော်မှာ နိုင်ငံတကာ အာကာသနဲ့ ကာကွယ်ရေးပစ္စည်းပြပွဲကို ကျင်းပနေလို့ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ စစ်တပ်တွေက ရာချီတဲ့ ကိုယ်စားလှယ်တွေ စုရုံးရောက်ရှိနေတာပါ။ ဒီပွဲဟာ တောင်ကိုရီးယားရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းပြပွဲ ဖြစ်ပါတယ်။

တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ ဒရုန်းယာဉ်တွေနဲ့ တခြား အဆင့်မြင့် လက်နက်တွေ အာကာသ ဒုံးပျံတွေနဲ့ အရပ်ဘက် အာကာသဆိုင်ရာ ဒီဇိုင်းတွေကိုလည်း ခင်းကျင်း ပြသထားပါတယ်။

More News
Up