လူကာကူ ကိုယ်စိတ်နှစ်ပါးစလုံး ပင်ပန်းနွမ်းနယ်နေကြောင်း နည်းပြတူချယ် သုံးသပ်

တိုက်စစ်မှူးလူကာကူဟာ ကိုယ်စိတ်နှစ်ပါးစလုံးပင်ပန်းနွမ်းနယ်နေတယ်လို့ ချဲလ်ဆီးနည်းပြ တူချယ်က ပြောပါတယ်။ 

လူကာကူဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

နည်းပြတူချယ်ကတော့ လူကာကူ ခြေစွမ်းမပြနိုင်တာဟာ ပွဲဆက်တွေများနေလို့ ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်နိုင်တယ်လို့ ကာကွယ်ပြောခဲ့တာပါ။ 

လူကာကူဟာ နွေရာသီကာလမှာ ပွဲတွေအများကြီး ကစားခဲ့ရသလို နိုင်ငံအသင်းအတွက်လည်း နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားခဲ့ရကြောင်း၊ ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ်မှာ မအောင်မြင်ခဲ့တဲ့နောက်မှာ လူကာကူအနေနဲ့ ဖိအားတွေလည်း ခံစားခဲ့ရပြီး ကိုယ်စိတ်နှစ်ပါးစလုံး ပင်ပန်းနွယ်နယ်နေကြောင်း တူချယ်က ပြောပါတယ်။ 

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ စုစုပေါင်း ၆၄ ပွဲအထိ ကစားခဲ့ပြီး ၄၃ ဂိုး သွင်းယူခဲ့ပါတယ်။

More News
Up