Home
မြန်မာသတင်း
မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်စုမှူး ကိုဇွဲဝေယံ ကွယ်လွန်
DVB
·
October 19, 2021

မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်တော် MDA-MPDF တပ်စု (၉)က တပ်စုမှူး ကိုဇွဲဝေယံဟာ အောက်ပိုဘာ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

MPDF တပ်စု (၉)က တပ်စုမှူး ကိုဇွဲဝေယံ (အသက် ၁၉) နှစ်ဟာ နဂိုကတည်းက ဆီးချိုရောဂါအခံရှိသူဖြစ်ပြီးတော့ အောက်တိုဘာ ၁၈ ရက်နေ့မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ဆီးချိုရောဂါနဲ့ ကွယ်လွန်သွားတာလို့ MPDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

တပ်စုမှူး ကိုဇွဲဝေယံနိုင်ဟာ နေမကောင်းဖြစ်ပြီး တောထဲကနေ မကွေးမြို့ကို ပြန်ရောက်နေတဲ့အချိန်မှာ သေဆုံးခဲ့တာဖြစ်ပြီး ဒီကနေ့ ညနေ ၃ နာရီကျော်လောက်က မကွေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုဇွဲဝေယံနိုင်ဟာ မကွေးမြို့ရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြ သပိတ်တွေမှာလည်း တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သလို့ ကျန်းမာရေးမကောင်းတဲ့ ကြားထဲက လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ MDA-MPDF တပ်ဖွဲ့မှာ တပ်စုမှူးတာဝန်ထမ်းဆောင်ခဲ့တာလို့ ပြောပါတယ်။

မကွေးပြည်သူ့ကာကွယ်ရေးတပ်တော် MDA-MPDF ကလည်း တပ်စုမှူး ကိုဇွဲဝေယံနိုင်သေဆုံးတဲ့အပေါ်မှာ သူရဲကောင်းတစ်ယောက်အဖြစ်လေးစားစွာ မှတ်တမ်းတင်အလေးပြုပြီးတော့ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024