ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အောက်တိုဘာ ၁၈ ရက် ည ၉ နာရီဝန်းကျင်လောက် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အမှတ် ၉ အုပ်ချုပ်ရေးမှုးရုံးရှေ့ လမ်းမပေါ်မှာ ဗုံးပေါက်တာ။ ပေါက်ကွဲမှုကြောင့် တစုံတရာ ထိခိုက်မှုမရှိသလို မပေါက်ကွဲသေးတဲ့ ဗုံး ၄ လုံးကိုလည်း စစ်ကောင်စီတပ်တွေက ရှာဖွေ သိမ်းဆည်းသွားတယ်”လို့ ဆိုပါတယ်။
အဆိုပါဗုံးဖောက်ခွဲမှုကို CGF HTY က လုပ်ဆောင်ခဲ့တာလို့ လှိုင်သာယာ CGF က ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အော်ဟစ်ကြိမ်းမောင်းသံတွေ၊ ရိုက်နှက်သံတွေလည်း ကြားရတယ်လို့ အမှတ် ၉ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။