ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို ဆာလက်ရရှိသင့်ကြောင်း ယာဂန်ကလော့ပ် သုံးသပ်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို ဆာလက်ကသာ ရရှိသင့်တယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

လက်ရှိဘောလုံးရာသီမှာ ၁ဝ ပွဲကစား ၁ဝ ဂိုး သွင်းယူထားတဲ့ ဆာလက်ဟာ မနှစ်ကလည်း စုစုပေါင်း ၅၁ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ 

ဒါပေမဲ့လည်း ပရီးမီးယားလိဂ်မှာ အဆင့် ၃ သာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားလည်း မရရှိခဲ့တာကြောင့် ဘလွန်းဒီအောဆုအတွက် ဆုံးဖြတ်တဲ့နေရာမှာ ဆာလက်က အားနည်းချက်ရှိနေတာပါ။ 

နည်းပြကလော့ပ်ကတော့ ဘလွန်းဒီအော ရွှေဘောလုံးဆုအတွက် ဘယ်လိုအချက်တွေကို အဓိက ထားသလဲဆိုတာ မသိပေမယ့် ခြေစွမ်းအရ ဆုံးဖြတ်ရင်တော့ ဆာလက်က ရရှိသင့်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ 

ဆာလက်ဟာ လာမယ့်နိုဝင်ဘာ ၂၉ ရက်နေ့ ချီးမြှင့်မယ့် ဘလွန်းဒီအော ရွှေဘောလုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။ 

ရေပန်းစားမှုအရတော့ ချန်ပီယံလိဂ်နဲ့ ယူရိုချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ ယော်ဂင်ညိုနဲ့ ကိုပါအမေရိကဖလားရရှိခဲ့တဲ့ မက်ဆီ တို့ ရှိနေပါတယ်။

More News
Up