ဆိုက်ဘေးရီးယားတွင် ရေခဲအရည်ပျော်ပြီး မြေကျွံ၊ အိမ်များပြိုကျပျက်စီး

ဆိုက်ဘေးရီးယားဒေသမှာ ကမ္ဘာဦးကတည်းက အေးခဲနေတဲ့ မြေလွှာအတွင်း ရေခဲအရည်ပျော်ခဲ့လို့ ချူရပ်ချာက လေဆိပ်ဟောင်းရဲ့ ပြေးလမ်းတွေ ပုံပြောင်းကုန်ပြီး အိမ်တွေလည်း ပြိုပျက်ခဲ့ပါတယ်။

ရုရှားရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတလွှားက မြို့တွေ ရွာတွေလိုပဲ ချူရပ်ချာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် တနှစ်ပတ်လုံး အေးခဲနေလေ့ရှိတဲ့ မြေလွှာထဲက ရေခဲတွေ အရည်ပျော်ကုန်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရပါတယ်။

မြေကျွံဝင်လို့ အိမ်တွေ ကွဲအက်ကုန်သလို ပိုက်လိုင်းတွေနဲ့ ကုန်လှောင်ရုံတွေလည်း ဘေးသင့်ကုန်ပြီး လမ်းတွေကတော့ ပြန်ပြင်ဖို့ လိုအပ်နေပါပြီ။

ရုရှားရဲ့ အပူချိန်တိုးနှုန်းဟာ ကမ္ဘာ့ပျမ်းမျှအပူချိန် တိုးနှုန်းထက် ၂ ဒသမ ၈ ဆ ပိုမြန်နေတာဖြစ်ပြီး ဆိုက်ဘေးရီးယားက ကာလကြာရှည် အေးခဲနေတဲ့ တန်ဒြာရာသီဥတု အရည်ပျော်လို့ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်နေတဲ့အတွက် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေး အားထုတ်ထားတာတွေ အလဟဿဖြစ်မှာကို သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

More News
Up