နည်းပြဆိုးလ်ရှားကို ယူနိုက်တက်က မထုတ်ပယ်သေးဟု ဖာဒီနန် သုံးသပ်

မန်ယူနိုက်တက်နည်းပြဆိုးလ်ရှားကို အသင်းဘက်က ထုတ်ပယ်ဖို့ ဆုံးဖြတ်မှာမဟုတ်သေးကြောင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ပါတယ်။ 

ယူနိုက်တက်က လက်စတာအား ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို ၂ ကြိမ်ပြန်ကြည့်ခဲ့တယ်လို့ ဖာဒီနန်က ပြောပြီး အသင်းရဲ့အားနည်းချက်နဲ့ နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်အပေါ် သုံးသပ်ခဲ့တာပါ။ 

လက်စတာနဲ့ ပွဲစဉ်မှာ ယူနိုက်တက်ကစားသမားတွေအနေနဲ့ စည်းလုံးညီညွတ်မှုမရှိ လမ်းပျောက်နေခဲ့ကြပြီး ကျစ်လျစ်မှုလည်း မရှိခဲ့ကြောင်း ဖာဒီနန်က ဝေဖန်ပါတယ်။ 

နည်းပြ ဆိုးလ်ရှားအနေနဲ့ လက်ရှိအချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ မထင်ကြောင်း၊ တစ်ရာသီ ပြီးဆုံးအောင်အထိ အသင်းဘက်က အချိန်ပေးနိုင်ကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။ 

ဒါပေမဲ့လည်း ရှုံးပွဲတွေ ဆက်တိုက်ဖြစ်လာရင်တော့ နည်းပြရာထူးကနေ အချိန်မရွေး စွန့်လွှတ်ရနိုင်ကြောင်းလည်း ဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လက်စတာကို ရှုံးနိမ့်ပြီးနောက် အက်တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ကစားရမှာဖြစ်သလို လီဗာပူး၊ စပါး၊ မန်စီးတီးအသင်းတွေနဲ့လည်း ဆက်တိုက်ကစားသွားရမှာ ဖြစ်ပါတယ်။

More News
Up