တာလီဘန်လက်ထက် အစိုးရကို တရားမဝင် ငွေ ပေးစရာမလိုတော့ဟု ကဘူးလ်ဈေးသည် ပြော

တာလီဘန်တွေ အာဏာရယူပြီးချိန်ကစပြီး အစိုးရအေဂျင်စီတွေကို တရားမဝင် ငွေကြေးတွေ ပေးဖို့ မလိုတော့ဘူးလို့ အာဖဂန်မြို့တော် ကဘူးလ်က အဓိက ဈေးမှာရှိတဲ့  ဈေးသည်တွေက ပြောလိုက်ပါတယ်။

အရင်အစိုးရ ကိုယ်စားလှယ်တွေက ဈေးသည်တွေဆီကနေ အခွန်တွေကို ယူရုံမက လက်လီ ဈေးသည်တွေဆီက လာဘ်ငွေ လူ တယောက်ကို အာဖဂန်ငွေကြေး ၅၀ ကနေ ၇၀ကြား နေ့တိုင်း ယူခဲ့ပေမဲ့ အခု တာလီဘန်တွေ ရောက်လာပြီးတည်းက ဒါမျိုးတွေ ထပ်မဖြစ်တော့ဘူးလို့ မိသားစုဝင် ၁၂ ယောက်ကို ရှာကျွေးမွေးနေတဲ့ အသက် ၆၇ နှစ်အရွယ် ဈေးသည်တယောက်က ပြောပါတယ်။

သူခိုးပပျောက်သွားတာနဲ့ လုံခြုံရေးကြောင့် ကျေနပ်တယ်လို့ နောက်ထပ် ဈေးသည် တယောက်က ပြောပါတယ်။

ဈေးထဲမှာ အဂတိလိုက်စားမှု ပပျောက် သွားပေမဲ့ တာလီဘန်တွေ သြဂုတ်လက တနိုင်ငံလုံးကို သိမ်းပိုက်ထားပြီးတည်းက တိုက်ခိုက်မှုတွေက ဆက်ရှိနေဆဲပါ။

ဒီတိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်ချီ စစ်ပွဲအပြီး အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး ပြန်ရအောင် ဆောင်ကြဉ်းမယ်လို့ အခိုင်အမာ ပြောထားတဲ့ တာလီဘန်တွေအတွက် ဂုဏ်သိက္ခာ စွန်းထင်းစေ ပါတယ်။

တာလီဘန်တွေ အာဖဂန်ကို သိမ်းပိုက်ပြီးတည်းက အိုင်အဲ့စ်စစ်သွေးကြွတွေဟာ တာလီဘန် ပစ်မှတ်တွေကို အသေးစား တိုက်ခိုက်မှုကနေ စစ်ဆင်ရေးအထိ အကြိမ်ဒါဇင်ချီ တိုက်ခိုက်ခဲ့ပါတယ်။

More News
Up