ကျူးဘားတွင် ဆယ်မိနစ်ကျော်ကြာ ရေဆင်နှာမောင်း တိုက်

ကျူးဘားနိုင်ငံ စီယံဖွှေဂို့စ်ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရှားရှားပါးပါး ရေဆင်နှာမောင်း တခုကို အောက်တိုဘာ ၁၆ ရက်က တိုက်ခတ်သွားတာ တွေ့ခဲ့ရပါတယ်။ 

ရေဆင်နှာမောင်းဟာ ညနေ ၄ နာရီ ၅၀ မိနစ်ကနေ ၅ နာရီကြား  ၁၀ မိနစ်ကျော် ကြာခဲ့တယ်လို့ စီယံဖွှေဂို့စ် ပြည်နယ် မိုးလေဝသဌာနက ပြောပါတယ်။ ရေဆင်နှာမောင်းကြောင့် အပျက်အစီး စာရင်း ဖော်ပြတာ မရှိပါဘူး။

လေဆင်နှာမောင်းဖြစ်စဉ်အတွင်း ကတော့ပုံ တိမ်တွေက ဆင်နှာမောင်းလို ဖြစ်လာပြီး ဆင်နှာမောင်း အဆုံးက ရေပြင်ကို လာထိတွေ့တဲ့အခါ ရေဆင်နှာမောင်းတွေ ဖြစ်လေ့ ရှိပါတယ်။

ဒါပေမဲ့ ကုန်းမြေကို လာထိတဲ့ လေဆင်နှာမောင်းလိုမျိုး အင်အားပြင်းထန်လေ့တော့ မရှိဘဲ များသောအားဖြင့် အားနည်းတတ်ပါတယ်။

ဒါပေမဲ့  လေယာဉ်တွေနဲ့ လှေတွေ အတွက်ကတော့ ရေဆင်နှာမောင်းကို ဖြတ်သန်း သွားလာခဲ့ရင် အန္တရာယ် ရှိပါတယ်။  

More News
Up