အိန္ဒိယနိုင်ငံတောင်ပိုင်း ရေကြီးမြေပြိုသဖြင့် ၂၁ ဦး သေဆုံး

3.5K
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကဲလာရာပြည်နယ်မှာ မိုးအဆက်မပြတ်ရွာပြီး ရေကြီး မြေပြိုခဲ့တဲ့အတွက် သေဆုံး သူ ၂၁ ယောက် ရှိပြီလို့ ဒေသခံ မီဒီယာတွေက အောက်တိုဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။
ကော့တာယမ်နဲ့ အီဒွတ်ကိခရိုင်တွေမှာ စစ်တပ်နဲ့ ရေတပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေဆဲပါ။
ကဲရာလာပြည်နယ်ဟာ ၂၀၁၈ ခုနှစ်က နှစ် ၁၀၀ အတွင်း အဆိုးဆုံး ရေလွှမ်းမိုးမှုကို ခံခဲ့ရလို့ လူ အယောက် ၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ၂သိန်း လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ အိန္ဒိယမှာ လူ ၃ ပုံ ၂ ပုံက ကျေးလက်ဒေသမှာ နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အားကိုးနေလို့ မုတ်သုန်ရာသီဟာ မရှိမဖြစ် အရေးပါ ပါတယ်။
ဒါပေမဲ့ မိုးရေချိန်ကြောင့် ရေကြီး မြေပြိုတာတွေနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ဒဏ်ကို ခံရလေ့ ရှိပါတယ်။