နီပေါတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

နီပေါနိုင်ငံက ယုံကြည်သက်ဝင်သူတွေဟာ ဟိန္ဒူဘာသာရေးပွဲတော် ဒတ်ရှိန်းကို အောက်တိုဘာ ၁၅ ရက်က စပြီး ဆင်နွှဲနေပါတယ်။
သူတို့ရဲ့ ကိုယ်ကို နွားချေးတွေနဲ့ လိမ်းကျံပြီး ဆုတောင်းပြည့်အောင် ဖြည့်ဆည်းပေးတဲ့ နတ်ဘုရား တွေကို ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ ဖယောင်းတိုင်တွေကို ထွန်းညှိခဲ့ကြပါတယ်။
မကောင်းဆိုးဝါးတွေကို အောင်နိုင်တဲ့ အထိမ်းအမှတ် အနေနဲ့ ကျင်းပတဲ့ ဒီပွဲတော်ဟာ နီပေါနိုင်ငံက ဘာသာရေးပြက္ခဒိန်မှာ အထင်ကရ ပွဲတော်ပါ။
ဆီမီးထွန်းညှိရင် ကံကောင်းလာမယ် အကုသိုလ်တွေ စင်ကြယ်အောင် ကူညီရာရောက်မယ်လို့လည်း ယုံကြည်ကြပါတယ်။
ဝတ်ပြုပွဲအတွင်း သက်ဝင်ယုံကြည်သူတွေဟာ သူတို့ ဆွေမျိုးတွေနဲ့အတူ နွားချေးပုံထဲမှာ ခြောက်နာရီကြာ လဲလျောင်း နေခဲ့ကြပါတယ်။