ပီရူးတွင် မူးယစ်ဆေး ၅ တန်ခန့် သိမ်းဆည်း

ပီရူးနိုင်ငံက ရဲတွေဟာ ပြည်လုံးကျွတ် မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွေအတွင်း မူးယစ်ဆေး တန်ချိန် ငါးတန်နီးပါး သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ဆေးခြောက်တွေနဲ့ ကိုကင်းတွေ ထည့်ထားတဲ့ ဒါဇင်ချီတဲ့ အိတ်တွေကို အောက်တိုဘာ ၁၅ ရက်က လီမာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ခင်းကျင်းပြသခဲ့ပြီး စစ်သားတွေက စောင့်ကြပ်နေခဲ့ပါတယ်။

မူးယစ်ဆေး စုစုပေါင်း ၄  ဒသမ ၉ တန်ထဲမှာ ဆေးခြောက် ၃ တန်နဲ့ ကိုကင်း ၁ တန်လောက်လည်း အပါအဝင်ဖြစ်ပြီး ကတ်စ်ကို တောတွင်းဒေသ အပါအဝင် နေရာအတော် များများကနေ သိမ်းဆည်းခဲ့တာပါ။

ဒီမူးယစ်ဆေးတွေဟာ နိုင်ငံတကာ မှောင်ခိုဈေးကွက်မှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိတယ်လို့ ယုံကြည်ကြောင်း ရဲမှူးကြီး ဆီဇာ အီချေဗာရီယာက ပြောပါတယ်။

ပီရူးနဲ့ ကိုလံဘီယာတို့ဟာ ကိုကင်းထုတ်လုပ်ရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေလို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က အသိအမှတ်ပြုထားပါတယ်။ 

More News
Up