လက်စတာနှင့်ပွဲ ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ကြောင်း နည်းပြဆိုးလ်ရှား ဝန်ခံစကားဆို

လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ဝန်ခံစကားဆိုလိုက်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ လက်စတာကို ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ၄ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့တာပါ။ 

အသင်းရဲ့ ခြေစွမ်းက ပုံမှန်အောက်ရောက်နေပြီး ၄ ဂိုးပေးလိုက်ရတာက ဆက်ကစားဖို့တောင် မထိုက်တန်ကြောင်း၊ တည်ကန်ဘောတွေကနေ ၂ ဂိုးပေးရတာကလည်း စိတ်ပျက်စရာကောင်းပြီး ၁ဝ စက္ကန့်အတွင်း ချေပဂိုးပြန်ပေးရတာကလည်း လုံးဝမဖြစ်သင့်ကြောင်း ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ 

ဒါပေမဲ့ အသင်းရဲ့ရှုံးပွဲအတွက်တော့ တာဝန်ယူပြီး ကစားကွက်နည်းဗျူဟာတွေက တခါတလေမှာ အလုပ်မဖြစ်တာမျိုး ဖြစ်တက်တယ်လို့ ပြီးအပြီးမှာ နည်းပြဆိုးလ်ရှားက ဆိုပါတယ်။

“ကစားကွက်က အလုပ်မဖြစ်ဘူးဆိုရင်တော့ ကျနော် အလုံးစုံတာဝန်ယူရမှာပေါ့။ တခါတလေမှာ အလုပ်မဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ လေးဂိုးပေးလိုက်ရကတည်းက မဟုတ်တော့ပါဘူး။ ကျနော့်ဘက်က ဆုံးဖြတ်ချက်တွေ ဆိုးရွားစွာချမှတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။”

More News
Up