ဩစီဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးမိ

သြစတြေးလျရဲတပ်ဖွဲ့ဟာ ဩစီဒေါ်လာ သန်း ၁၄၀ လောက် တန်ဖိုးရှိတဲ့ ဘိန်းဖြူကုန်ကူးမှုကို ဖမ်းဆီးရမိခဲ့ပြီး မလေးရှား နိုင်ငံသားတစ်ဦးကိုလည်း တရားမ၀င် မူးယစ်ဆေးဝါးတင်သွင်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးလိုက်ပါတယ်။ 

အလေးချိန် ၄၅၀ ကီလိုဂရမ် (၉၉၀ ပေါင်) ရှိတဲ့ ပစ္စည်းထုပ်ကို မလေးရှားနိုင်ငံကနေ ကြွေပြားတွေ တင်ဆောင်လာတဲ့ ပင်လယ်ကုန်သေတ္တာတစ်ခုထဲမှာ တွေ့ရှိရတာဖြစ်ပြီး မဲလ်ဘုန်းမြို့ရှိ စီးပွားရေးလုပ်ငန်းတစ်ခုကို လိပ်စာတပ်ထား တယ်လို့ ရဲတွေက ပြောပါတယ်။ 

အဲဒီပစ္စည်းက မလေးရှားက လာတယ် ဆိုတာ သိသာထင်ရှားနေပြီး ဘိန်းဖြူရဲ့ မူလဇာစ်မြစ်ကို စုံစမ်းနေဆဲပါလို့လည်း ဆိုပါတယ်။

ဖမ်းဆီးရတဲ့လူကို ရဲတွေက လုပ်ထုံးလုပ်နည်းအရ နာမည်ထုတ်မပြောပေမဲ့ အဲဒီလူကို နယ်စပ်က ထိန်းချုပ်ထားတဲ့ မူးယစ်ဆေးဝါးကို စီးပွားဖြစ်ပမာဏ တင်သွင်းမှုနဲ့ လက်ဝယ်ထားဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

အဲဒီလူဟာ မနေ့က တရားရုံးကို ရောက်လာပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ရမန်ယူထားတယ်လို့ ပြောပါတယ်။

“တကယ့်ကို စနစ်တကျဖွဲ့စည်းထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်အုပ်စုတွေက သြစတြေးလျဟာ အကျိုးအမြတ်ရှိတဲ့ မူးယစ်ဆေးဝါးစျေးကွက်တစ်ခုဆိုတာ သိနေတော့ သူတို့အကျိုးအတွက် ငွေရမယ့် ဘယ်ပစ္စည်းကိုမဆို ရောင်းဝယ်ဖောက်ကားကြတယ်။ အမြင့်ဆုံးပြစ်ဒဏ်ကတော့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်းပဲ ဖြစ်တယ်”လို့  ရဲက ပြောပါတယ်။

အခုဖမ်းဆီးရမိမှုဟာ သြစတြေးလျရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်း စုံစမ်းခဲ့ဖူးသမျှတွေထဲ ဘိန်းဖြူအများဆုံးသယ်ပို့မှုဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up