ရာသီဥတုပြောင်းလဲမှုအရေး သြစတြေးလျ ကျောင်းသားများဆန္ဒပြ

သြစတြေးလျနိုင်ငံက  ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ အောက်တိုဘာ ၁၅ ရက်က ကျောင်းသွားမတက်ဘဲ ကုလသမဂ္ဂရာသီဥတုထိပ်သီးအစည်းအဝေးမတိုင်ခင် ရာသီဥတု ပြောင်းလဲမှု ကို အရေးယူဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ 

School Strike 4 Climate” ရာသီဥတုအတွက် ကျောင်းသပိတ် ဆန္ဒပြသူတွေဟာ မြို့ကြီးတွေရဲ့ လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပြီး ဒါဝင်မြို့က ကျောင်းသားတွေကတော့ Northern Territory ရဲ့ ပါလီမန်အဆောက်အအုံရှေ့မှာ စုဝေးခဲ့ကြပါတယ်။

နိုင်ငံအတော်များများက ၂၀၅၀ ခုနှစ်မှာ အလုံးစုံဓာတ်ငွေ့ထုတ်လွှတ်မှု သုည ရရှိဖို့ ကတိပြုထားကြပေမယ့် အခြေခံအားဖြင့် ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ သြစတြေးလျကတော့ ရည်မှန်းသတ်မှတ်ချက်ကို ဖြည့်ဆည်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ 

သြစတြေးလျ၀န်ကြီးချုပ် စကော့တ်မောရစ်ဆင်ကတော့ သူ့ရဲ့ကွန်ဆာဗေးတစ်အစိုးရဟာ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချဖို့ ကမ္ဘာလုံးဆိုင်ရာဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတာကြောင့် Glasgow မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ COP26 ရာသီဥတုထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ သောကြာနေ့ အစောပိုင်းက ပြောခဲ့ပါတယ်။ 

More News
Up