ကင်ညာတွင် မိုးခေါင်ရေရှားပြီး လူနှင့်တိရစ္ဆာန်များ အငတ်ဘေးဆိုက်

ကင်ညာနိုင်ငံမြောက်ပိုင်းမှာ မိုးခေါင်ရေရှားလွန်းတာကြောင့် လူတွေရော ကျွဲနွားတိရစ္ဆာန်တွေပါ ပိန်လှီခြောက်ခမ်းပြီး စီးပွားရေးလည်း ကျဆင်းနေပါတယ်။ 

နိုင်ငံမြောက်ပိုင်းဒေသမှာ ၅ နှစ်အောက်ကလေး ၄၆၅၀၀၀ ကျော်နဲ့ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင် ၉၃၀၀၀ ကျော်တို့ဟာ အာဟာရချို့တဲ့နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ တက်နေပြီး မိုးရွာခေါင်တာကြောင့် လူ ၂ ဒသမ ၄ သန်းဟာ နိုဝင်ဘာလလောက်မှာ စားနပ်ရိက္ခာဖူလုံဖို့ ရုန်းကန်ရလိမ့်မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဆိုပါတယ်။  

အတိတ်ကမိုးခေါင်မှုတွေကို ကြိုတင်ခန့်မှန်းလို့ ရနိုင်ပြီး ၅ နှစ်ကနေ ၁၀ နှစ် ဆိုရင် ဖြစ်စဉ်က တခါပြန်ကြော့လာပြီး စားကျက်တွေနဲ့ ရေသတ္တဝါတွေ ပြန်ပေါ်လာကြတာပဲလို့ Plan International အဖွဲ့ ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသဆိုင်ရာဌာနမှူး မောရီဆဉာဏ်ဂိုက ပြောပါတယ်။

အမေရိကန်အစိုးရရဲ့အချက်အလက်တွေအရ လာမယ့် နှစ် ၅၀ အတွင်းမှာ ၉ ရက်မှ ၃၀ ရက်အတွင်း စိုက်ပျိုးမွေးမြူရေးမှာ ရေအခက်အခဲ ပိုရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

More News
Up