ကမ္ဘာ့ဖလားဘောလုံးပွဲ နှစ်နှစ် တကြိမ် ကျင်းပရန် သေချာလေ့လာနေဟု ဖီဖာဥက္ကဋ္ဌ ပြော

ဝေဖန်မှုတွေကြားကပဲ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို နှစ်နှစ် တကြိမ် ကျင်းပဖို့အတွက် စဉ်းစားချက်ကို သေချာလေ့လာနေတယ်လို့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက မနေ့က ပြောပါတယ်။

ဒီလို ကျင်းပနိုင်ဖို့ ဖြစ်နိုင်ခြေ  ရှိ၊ မရှိကို လေ့လာနေတယ်လို့ ဆိုပါတယ်။ ဖီဖာ ဥက္ကဋ္ဌရဲ့ ကြေညာချက်အရ နှစ်နှစ် တကြိမ် ကျင်းပဖို့ အဆိုပြုချက် မူကြမ်းကို သုံးသပ်နေပြီး အစိုးရတွေနဲ့ နောက်ထပ် စုံစမ်းလေ့လာသူတွေလည်း ပါဝင်သုံးသပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီလို ကမ္ဘာဖလားကို နှစ်နှစ် တကြိမ် ကျင်းပဖို့ စဉ်းစားချက်နဲ့ ပတ်သက်လို့ ဖီဖာအဖွဲ့ချုပ်ကို တခြား ဘောလုံးအဖွဲ့ချုပ်တွေ၊ ကလပ်တွေ၊ ဘောလုံးသမားတွေနဲ့ ဘောလုံးပရိသတ်တွေက ဝေဖန်နေပါတယ်။

အခုအထိတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲကို လေးနှစ် တကြိမ် ကျင်းပနေတာပါ။ လာမယ့် ၂၀၂၂ နိုဝင်ဘာမှာ ကျင်းပမယ့် ကမ္ဘာဖလားဘောလုံးပွဲကိုတော့ ကာတာနိုင်ငံက လက်ခံကျင်းပမှာ ဖြစ်ပြီး ကိုဗစ်ရောဂါ ကပ်ဘေးကြားထဲကပဲ ထိုင်ခုံ မလောက်အောင် အားပေးကြလိမ့်မယ်လို့ ကာတာ အရာရှိတွေက ပြောပါတယ်။

More News
Up