ဂျပန်ပင်လယ်တွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှား-တရုတ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်မှာ အောက်တိုဘာ ၁၄ ရက်မှာ စတင်လိုက်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ကြေညာပါတယ်။
စစ်တပ်ပြောကြားချက်အရ စစ်ရေးလေ့ကျင့်မှုဟာ အောက်တိုဘာ ၁၇ ရက်အထိကြာမြင့်မှာဖြစ်ပြီး ရေငုပ်သင်္ဘောနှိမ်နင်းရေးရေယာဉ်၊ တိုက်ရေယာဉ်၊ မိုင်းရှင်းရေယာဉ်နဲ့ ဒုံးကျည်လှေတစင်း အပါအဝင် ရုရှားရဲ့ပစိဖိတ်ရေယာဉ်အုပ်စုရဲ့ သင်္ဘောတွေပါဝင်မှာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ် ၁၂ စင်းနဲ့ ရဟတ်ယာဉ်တွေ ပါ၀င်မှာဖြစ်ကြောင်းလည်း ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
ရုရှား-တရုတ် နှစ်နိုင်ငံတို့ဟာ ၂၀၀၅ ခုနှစ်က စပြီး ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ၂၀၂၀ မှာတော့ ကပ်ရောဂါကြောင့် လေ့ကျင့်ခန်းတွေ ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
သြဂုတ်လက ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုးဂူဟာ မော်စကိုနဲ့ ပေကျင်းအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ပါဝင်တဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ကို လေကြောင်းခရီး သွားရောက်ပြီးနောက်မှာ ပိုမိုတိုးတက်လာနိုင်တယ်လို့လဲ အကြံပြုသွားပါတယ်။