Home
မြန်မာသတင်း
မြန်မာစက်ရုံလုပ်သားများ၏ တစ်ရက်ဝင်ငွေ ထက်ဝက်ခန့်လျော့ကျလာပြီး ၂ ဒေါ်လာအောက်ရောက်
DVB
·
October 16, 2021

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး ငွေကြေးဖောင်းပွမှုကြောင့် စက်ရုံလုပ်သားတွေရဲ့ တစ်ရက်ဝင်ငွေဟာ ၂ ဒေါ်လာ အောက်ရောက်သွားပြီး အာဏာမသိမ်းခင်ကထက် တဝက်လောက်လျော့သွားတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုက်မှုအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ စစ်အာဏာသိမ်းပြီးလပိုင်းအကြာမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း အောက်တိုဘာ ၁၂ ရက်က ပြုလုပ်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မူနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(OECD)ဆွေနွေးပွဲမှာ သူက ပြောကြားခဲ့တာပါ ။

“တကယ်တော့ အာဏာမသိမ်းခင်က အလုပ်သမားတွေရဲ့ တစ်ရက်လုပ်ခ  ၃ ဒသမ ၅ ဒေါ်လာ အခြေခံလစာရကြတာ၊ ငွေကြေးဖောင်းပွမှု  ရှိလာပေမဲ့ အလုပ်ရှင်ကတော့ ကုန်ပစ္စည်းချုပ်လုပ်တဲ့ အခအတွက်ကို ဒေါ်လာနဲ့  ရကြတဲ့အတွက်  အလုပ်သမားတစ်ဦးချင်းဆီက တစ်ရက်ကို ၁ ဒသမ ၅ ဒေါ်လာ နဲ့  ၂ ဒေါ်လာကြား လစာကို သူတို့ရဲ့အိတ်ထဲ ထည့်ထားလိုက်ကြတာ” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

ဒ့ါအပြင် အလုပ်သမားတွေဟာ အခွင့်အရေးချိုးဖောက်ခံရမှုများစွာရှိနေပြီး အလုပ်ရှင်ရဲ့ စစ်တပ်အားကိုး ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

တောင်းဆိုမှုတစုံတရာလုပ်ပါက စစ်တပ်ခေါ်ပြီး ဖမ်းခိုင်း၊ ပစ်ခိုင်းမယ်ဆိုတဲ့ အလုပ်ရှင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အလုပ်သမားတွေ နှုတ်ဆိတ်နေကြရပြီး အလုပ်သမားတွေရဲ့ဥပဒေပါ ရပိုင်ခွင့်တွေဟာလည်း စစ်အာဏာသိမ်းပြီးနောက်ရပ်ဆိုင်းကုန်တယ်လို့ ဆိုပါတယ်။  

ဒါကြောင့် အလုပ်သမားတွေ ဖိနှိပ်ခံနေရတာကို ကုစားနိုင်မယ့်နည်းလမ်းတွေ လုပ်ဆောင်ဖို့လည်း ဒေါ်ခိုင်ဇာအောင်က တိုက်တွန်းသွားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအရေးလူပ်ရှားသူ ၂၇ ဦး အသတ်ခံရပြီး ၁၁၆ ဦး အဖမ်းခံထားရကာ အလုပ်သမားအရေးလူပ်ရှားသူတွေ အခုထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့လည်း ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024