ဒလန်နှင့် အုပ်ချုပ်ရေးမှူးများနုတ်ထွက်ရန် ရေတာရှည် PDF သတိပေး

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရေတာရှည် မြို့နယ်တွင်းမှာနေတဲ့ သတင်းပေး ဒလန်တွေ နဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို နုတ်ထွက်စာတင်ဖို့ အောက်တိုဘာ ၁၅ ရက်က သတိပေးထုတ်ပြန်လိုက်ပါတယ်။ 

ပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက်တာ၊ သတင်းပေးဒလန် ပြုလုပ်တာ၊ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရေတာရှည်မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့ သတိပေးထားတာပါ။

မနုတ်ထွက်ပါက YPDF အနေနဲ့ သူတို့နဲ့အတူ မိသားစုဝင်တွေရဲ့အသက်ကို တာဝန်မယူနိုင်ကြောင်း ထုတ်ပြန်ထားတာပါ။ 

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်တွေရဲ့ စာရင်းတွေကို ပုံနဲ့တကွ ရရှိထားတယ်လို့လည်း သိရပါတယ်။

နိုင်ငံတဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေဆိုသူတွေကို ဒေသခံ PDF နဲ့ ဒလန်ရှင်းလင်းရေးအဖွဲ့တွေက သုတ်သင်ရှင်းလင်းနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up