အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၈ ဦးကို တရုတ်ရဲ အသေပစ်ခတ်

Photo by Reuters
တရုတ်ရဲတွေဟာ တရုတ်အနောက်ဘက် ရှင်းကျန်း ပြည်နယ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၈ ယောက်ကို အသေပစ်သတ်ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခုချိန်ထိ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၃၅ ယောက်ထိ မြင့်တက်သွားပါတယ်။ [caption id="attachment_49413" align="alignnone" width="480"]Photo by Reuters Photo by Reuters[/caption] အိန္ဒိယနဲ့ နယ်စပ် ရှင်းကျန်းပြည်နယ်တောင်ပိုင်း ပိုးလမ်းမဟောင်း တည်ရှိရာ ကက်ရှ်ဂါ မြို့နားက ယာခန်မြို့နယ်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံ အစိုးရအင်တာနက် စာမျက်နှာပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ လူရမ်းကား ၉ ယောက်က ကက်ရှ်ဂါခရိုင် ယာခန်မြို့နယ် ရဲစခန်းကို ဓားတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပစ်ပေါက်တယ်။ ရဲကားတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီ နောက်ဆုံး တိုက်ခိုက်မှုဟာ ခွဲထွက်ရေး အစွန်းရောက်နဲ့ အကြမ်းဖက်မှုတွေရဲ့ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတွေကို ပြနေတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရ ရှင်ဂန်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ ရှင်းကျန်းပြည်နယ်ဟာ တာကစ်ဘာသာစကားကို ပြောတဲ့ ၀ီဂါလူမျိုးစု မွတ်စလင်တွေ နေတဲ့ ပြည်နယ် ဖြစ်ပါတယ်။ တရုတ်အစိုးရက သူတို့ကို ဖိနှိပ် ဆက်ဆံတယ်လို့ ၀ီဂါလူမျိုးစုဝင်တချို့က ယူဆကြပါတယ်။ ပြည်နယ်တွင်း ဧပြီလတည်းက ခုထိ အကြမ်းဖက်မှုတွေအတွင်း ရဲအရာရှိ အတော်များများ အပါအ၀င် အနည်းဆုံး လူ ၉၁ ဦး အသတ်ခံခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။ ရှင်းကျန်းပြည်နယ်ထဲက အကြမ်းဖက်မှုတချို့ဟာ အစ္စလာမစ်စစ် သွေးကြွတွေရဲ့ လက်ချက်လို့ တရုတ်အစိုးရက ပြစ်တင် ရှုတ်ချထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up