ပုံမှန်ပွဲထွက်ခွင့်မရပါက မန်စီးတီးမှ ထွက်ခွာမည်ဟု စတာလင် ပြော

မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ ပုံမှန်ပွဲထွက်ခွင့်မရ ဆက်ဖြစ်နေရင် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် စတာလင်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ကစားပြီးနောက်ပိုင်းမှာ လိဂ်ပွဲစဉ်၁ ပွဲမှာပဲ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။ 

နည်းပြဂွာဒီယိုလာအနေနဲ့ စတာလင်ကို အထောင်တိုက်စစ်မှူးအနေနဲ့ စမ်းသပ်အသုံးပြုခဲ့ပေမဲ့ အသင်းရလဒ်မကောင်းခဲ့တာကြောင့် ဖာရန်တောရက်စ်ကိုပိုမိုအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

စတာလင်ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်မှာ အထောင်တိုက်စစ်မှူးနေရာထားပြီး ပွဲထွက်ခွင့်ရခဲ့ ပေမဲ့ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ 

နည်းပြဂွာဒီယိုလာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ စတာလင်ကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဂရေးလစ်ရှ်၊ ဂါဘရီယယ်ဂျေးဆူ၊ ဖာရန်တောရက်စ်တို့ရဲ့ တိုက်စစ်အတွဲကို အသုံးပြုနေတာဖြစ်ပါတယ်။

စတာလင်ဘက်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတာကို သဘောကျပြီး လက်ရှိအတိုင်းသားပွဲထွက်ခွင့်နည်းပါးနေမယ်ဆိုရင် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

More News
Up