ဘောလုံးလိုက်မလုနိုင်သည့် စီရော်နယ်ဒိုအတွက် အဖြေရှာရန် ဂယ်ရီနဗီးလ် တိုက်တွန်း

ဘောလုံးလိုက်မလုနိုင်တဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုအတွက် အဖြေရှာဖို့ နည်းပြဆိုးလ်ရှားကို ဂယ်ရီ နဗီးလ်ကတိုက်တွန်း လိုက်ပါတယ်။
ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အထောင်တိုက်စစ်မှူးနေရာမှာ အသုံးပြုနေပြီး ပြိုင်ဘက်အသင်းက ဘောလုံးလက်ခံရရှိချိန်မှာ ဖိအားပေးကစားခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတချို့ရှိနေတာပါ။
စီရော်နယ်ဒိုဟာ ဘောလုံးလိုက်လုတတ်တဲ့ ကစားသမားမဟုတ်ဘဲ အဲဒီလိုကစားလာခဲ့တာက ၁ဝ နှစ် ၁၅ နှစ်လောက်ကြာပြီလို့ နဗီးလ်က ပြောပါတယ်။
ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ဟန်ချက်ကို ထိန်းညှိနိုင်ဖို့အတွက် နည်းလမ်းရှာရမှာဖြစ်ပြီး တန်ပြန်တိုက်စစ် ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် ရုန်းကန်ရနိုင်တယ်လို့ နဗီးလ်ကပြောပါတယ်။
စီရော်နယ်ဒိုရှိနေတာက အားသား ချက်ကြီးမားသလို အဲဒီအတွက် ဖြေရှင်းရမယ့်ပြဿနာတွေ လည်း ရှိတယ်လို့ ဂယ်ရီနဗီးလ်က တိုက်တွန်းပြောသွားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အခုနှစ် ရာသီမှာ ယူနိုက်တက်နဲ့ စုစုပေါင်း ၆ ပွဲကစားအပြီးမှာ ၅ ဂိုးသွင်းယူထားပြီဖြစ်ပါတယ်။