တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်နွှယ်သူ ၁၁၄ ဦးကို အမှုပိတ်သိမ်း ပြန်လွှတ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) စာချုပ် လက်မှတ်ရေးထိုးခြင်း  ၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့  ဆက်စပ်ဖမ်းဆီးထားသူ ၁၁၄ ​ယောက်ကို  အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။ 

လက်ရှိ နိုင်ငံတဝန်း တရားရုံးအသီးသီးမှာ တရားစွဲဆိုခံထားရတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေကို ပြန်လွှတ်ပေးလိုက်ရာမှာ ရက္ခိုင်တပ်တော် (အေအေ)နဲ့ ဆက်နွှယ်သူ ၆၁ ဦး ၊ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ဆက်နွှယ်သူ ၂၃ ဦးပါဝင်ပါတယ်။ 

ဒါ့အပြင်  KNU/KNLA(PC)   ၁  ဦး၊ MNDAA  ၁ ဦး၊  ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA  ၁၂ ဦး ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း  SSPP/SSAက ၅ ဦးနဲ့ TNLA က ၁၁ ဦး စုစုပေါင်း ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာသ ဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးခြင်း ၆ နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲကို အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ကာ နေပြည်တော်မှာ ကျင်းပနေပါတယ်။

More News
Up