Saturday, June 10, 2023
HomeLead Storyဖမ်းမိသည့်သေနတ်များဖြင့် ဆောက်လုပ်သည့် ကလေးကစားကွင်း ပီရူးနိုင်ငံတွင် ဖွင့်လှစ်

ဖမ်းမိသည့်သေနတ်များဖြင့် ဆောက်လုပ်သည့် ကလေးကစားကွင်း ပီရူးနိုင်ငံတွင် ဖွင့်လှစ်

ပီရူးနိုင်ငံ လီမာမြို့မှာ ဖမ်းဆီးရရှိထားတဲ့ သေနတ်တွေနဲ့ ထူးထူးခြားခြားဆောက်လုပ်ထားတဲ့ ကလေးကစားကွင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပခဲ့ပြီး ပီရူး ကလေးငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေ တက်ရောက်ခဲ့ကြပါတယ်။ 

ဒေသခံအရာရှိတွေ ပြောကြားချက်အရ သေနတ်ပေါင်းစုံ အလက် ၅၀၀၀ ကျော်ကို အရည်ကျို လိုက်ပြီး ကလေးတွေ ဆော့ကစားတဲ့ စီးဆောတွေ၊ ဘားတန်းတွေ၊ ဒန်းတွေနဲ့ တခြား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရေးစက်တွေအဖြစ် ပုံပြောင်းလိုက်တာလို့ ဆိုပါတယ်။ 

ဒီလို ကနဦး လုပ်ဆောင်ချက်ကို ဒေသခံတွေနဲ့ လက်နက်ထိန်းချုပ်မှု ကြီးကြပ်ရေးအဖွဲ့ (SUCAMEC) က ဦးဆောင်လုပ်ကိုင်တာပါ။ 

လက်နက်ထိန်းချုပ်မှု ကြီးကြပ်ရေးအဖွဲ့ (SUCAMEC) ဟာ အမျိုးသားရဲတပ်ဖွဲ့နဲ့အတူ ဖမ်းဆီးရမိတဲ့ သေနတ်တွေ၊ တရားမဝင်မှောင်ခိုဈေးကွက်မှ သိမ်းဆည်းရရှိတဲ့ သေနတ်တွေကို Siderperu သံမဏိကုမ္ပဏီဆီ လွှဲပြောင်း အရည်ကျိုပုံဖျက်ပြီး ရာဇဝတ်မှုတွေကို တားဆီးတဲ့ပစ္စည်းတွေ၊ မီနီဂျင်မ် အားကစားသုံး၊  ကစားကွင်းသုံးပစ္စည်းတွေအဖြစ် ပြန်ပုံသွင်း ဖန်တီးလိုက်တာလို့  SUCAMEC အဖွဲ့ခေါင်းဆောင် ဟွမ်န် အလ်ဗာရဇ်က ပြောပါတယ်။

 အကြမ်းဖက်မှုကို ငြိမ်းချမ်းမှုအဖြစ် ပြောင်းနေတာလို့လည်း ဆိုပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular