ရေဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ရွာနဲ့ မူးဆုံရွာကြား မုံရွာ-ရေဦး လမ်းမပေါ်မှာ  အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၂ နာရီလောက် ဒလန် ၂ ဦး အလောင်းသွားသယ်တဲ့ စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်က ဝက်ဖြူက အမျိုးသမီးနှစ်ယောက် အလောင်းသွားသယ်တာ၊ အသွားတုန်းက မြို့နယ်တွင်းလမ်းက သွားပြီး၊ အလောင်းကောက်ပြီးအပြန်ကျ ဒီပဲယင်းမြို့ကပတ်ပြီး မုံရွာ-ရေဦးလမ်းအတိုင်းပြန်လာတာ၊ မစိုးရိမ်ရွာနဲ့မူဆုံကြားရောက်တော့ လမ်းမပေါ်မှာပဲ မိုင်းဆွဲတိုက်ခိုက်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လတ်တလော မိုင်းကွဲတာနဲ့ ပတ်သက်ပြီး မစိုးရိမ်ကျေးရွာကို စစ်တပ်က ဝင်ရောက်မွှေနှောက်ဖမ်းဆီး ပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

More News
Up