ဟန်ဂေရီကို အနိုင်ရလောက်သည့် စွမ်းဆောင်ရည်မရှိခဲ့ကြောင်း အင်္ဂလန်နည်းပြ ဝန်ခံ

ဟန်ဂေရီအသင်းကို အနိုင်ရလောက်တဲ့ စွမ်းဆောင်ရည်မျိုးမရှိခဲ့ကြောင်း အင်္ဂလန်နည်းပြ ဆောက် ဂိတ်က ဝန်ခံပြောလိုက်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဟန်ဂေရီနဲ့ ဝင်ဘလေမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တာပါ။ ဟန်ဂေရီက ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဂျွန်စတုန်းစ်က ချေပဂိုးပြန်သွင်းခဲ့တာပါ။ 

အင်္ဂလန်အသင်းအနေနဲ့ ပွဲချိန်မိနစ် ၅၀ ကျော် ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဟန်ဂေရီအသင်းက ခုခံသွားခဲ့ပြီး တစ်ဂိုး စီသရေရလဒ်နဲ့ ပွဲပြီးခဲ့တာပါ။ 

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေး မရခဲ့တာကြောင့် အနိုင်ရလောက်တဲ့စွမ်းဆောင်ရည်မရှိခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောပါတယ်။ 

“သူတို့က တန်ပြန်တိုက်စစ်နဲ့ တုံ့ပြန်ချိန်မှာ ကျနော်တို့က နေရာယူမှုတွေနဲ့ ကစားကွက် အကူး အပြောင်းမှာ ရုန်းကန်ခဲ့ရတယ်။ ဒါက စိုးရိမ်မှုကိုဖြစ်ပေါ်စေတယ်။ ပွဲကို အနိုင်ရဖို့အတွက် လုံလောက်တဲ့ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့လည်း မထင်ပါဘူး” လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။ 

အင်္ဂလန်အသင်းဟာ လက်ကျန် ၂ ပွဲအလိုမှာ ဒုတိယနေရာက ပိုလန်ကို ၃ မှတ်ဖြတ်ထားပြီး အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုအသင်းတွေနဲ့ ဆက်ပြီး ကစားသွားရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up