Home
မြန်မာသတင်း
ကျောက်ဖြူတွင် စက်လှေမှောက်၊ အမျိုးသမီး ၁၇ ဦး သေဆုံး
နော်နိုရင်း
·
December 30, 2013
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာအုပ်စုက ထင်းခုတ်တဲ့ စက်လှေ ၁ စီး မတော်တဆ တိမ်းမှောက်မှုကြောင့် စက်လှေပေါ်ပါလူ ၅၀ လောက်ထဲက အမျိုးသမီး ၁၇ ဦး ရေနစ် သေဆုံးသွားပါတယ်။ Kyauk Phyu2ကျောက်ဖြူမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ဆင်ဘုတ်ကျေးရွာအုပ်စုက ကျွန်းကြီး ကျေးရွာသားတွေ အများစုပါဝင်တဲ့ စက်လှေတစီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အိမ်သုံးဖို့အတွက် ဒီရေတောအနီး ထင်းသွားခုတ်ခဲ့ကြပြီး အပြန်မှာ စက်လှေ မှောက်ခဲ့တာလို့ ကျောက်ဖြူမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး အောင်အောင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။ “ဆင်ဘုတ်ကျေးရွာအုပ်စုက ကျွန်းကြီးကျေးရွာက လူအများစုပါတယ်။ ထင်းသွားခုတ်တာ စက်လှေကြီးနဲ့ စုပြီးသွားကြတာ။ ထင်းခုတ်ပြီး ညနေ ၄ နာရီလောက် ပြန်လာကြတယ်။ သင်္ဘောအလယ်မှာ ထင်းကြီးတွေ ထည့်တယ်၊ ခေါင်မှာထည့်တယ်။ သင်္ဘောအနောက်မှာ ပဲ့ပိုင်းမှာ စက်ခန်းရှိတယ်။ အဲဒီမှာ လူအများစုထိုင်ကြတယ်။ အဲဒီတော့ အပေါ်ဝိတ်များတဲ့ သဘောရှိတယ်။ အပေါ်ဝိတ်များတော့ စက်လှေလူးတယ်။ သူတို့ရွာနဲ့ နှစ်မိုင်အကွာ ဦးကင်းကွာ ကူးတို့ဆိပ်မှာ လှေက ၀ဲဘက်စောင်းပြီး နစ်တယ်။ နစ်တော့ အမျိုးသမီး ၁၇ ယောက် ရေနစ်ပြီး သေဆုံးတယ်။” အဆိုပါစက်လှေမှာ စက်လှေမောင်းသူပါအ၀င် အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၄၀ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ ၁၇ ယောက်ထဲက ၁၆ ယောက်ကို အခင်းဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ ကျွန်းကြီးရွာနားက သင်္ချိုင်းမှာပဲ သဂြုင်္ိဟ်ပြီး မတင်အေးဆိုတဲ့ အမျိုးသမီးကိုတော့ မိသားစုရဲ့ ဆန္ဒအရ ကျောက်ဖြူမြို့မှာ မနေ့ က သင်္ဂြိုဟ်ပါတယ်။ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး စက်လှေမောင်းသူ ဦးဘရွှေကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀/၃၀၄ (က) ရေယာဉ်ကို ပေါ့လျော့စွာမောင်းမှု၊ လူသေစေမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကျောက်ဖြူ ရဲစခန်းက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ စုပြီးထင်းရှာထွက်ရာမှာ စက်လှေပိုင်ရှင်တွေက စက်လှေနဲ့ လောင်စာ ဆီစိုက်ပြီး ထင်းခုတ်သူတွေဆီကနေ ထင်း ၁၀ စီးတစီး အချိုးကျယူပြီး ထင်သွား ခုတ်လေ့ရှိကြ တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024