ဗဟိုအာဖရိကနိုင်ငံမှ တိုင်းရင်းသား စစ်ဦးစီးမှူး ၁ ဦး အပေါ်စွဲထားသည့်အမှု ICC ကြားနာမည်

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ဟာ ဗဟိုအာဖရိကသမ္မတနိုင်ငံက ဆေလေကာ တိုင်းရင်းသား စစ်ဦးစီးမှူး မဟာမတ်ဆာအိအဗ္ဗဒူခိန်းအပေါ် စွဲချက်တွေကို အတည်ပြုဖို့ အောက်တိုဘာ ၁၂ ရက်မှာ တရားသူကြီးတွေကို စစ်မေးကြားနာတော့မှာပါ။

ဇန်နဝါရီလက အဖမ်းခံရပြီး နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICC ရုံးကို အပို့ခံရတဲ့ ခိန်းဟာ ၂၀၁၃ ခုနှစ်က ကျူးလွန်ခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်ကို ရင်ဆိုင်ရမှာပါ။

ခိန်းဟာ နှိပ်စက်သတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ အပါအဝင် ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယုံကြည်ဖို့ ကျိုးကြောင်းဆီလျော်တဲ့ အနေအထားတွေ ရှိနေတယ်လို့ ICC တရားသူကြီးက ပြောပါတယ်။

ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ ၂၀၁၃ မတ်လက ဆေလေကာလို့သိကြတဲ့ မွတ်စလင်သူပုန်တွေ ကြီးစိုးတဲ့ ညွန့်ပေါင်းအဖွဲ့ အာဏာရချိန်က အကြမ်းဖက်မှုတွေ ထူပြောခဲ့တာပါ။ ရက်စက်တဲ့ အုပ်ချုပ်မှုကြောင့်  ဘာလာကာ ဆန့်ကျင်ရေး ခရစ်ယာန် ပြည်သူ့စစ်တွေရဲ့ ဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ပါတယ်။

ICC မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ရမ်ဘိုလို့ သိကြတဲ့ အဲလ်ဖရဒ် ယဲ့ကာတွန်နဲ့ အာဖရိက ဘောလုံးအမှုဆောင် ပက်ထရစ် အက်ဒွက် နဂေဆိုနာ တို့ကတော့ မွတ်ဆလင် အရပ်သားတွေကို တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေအတွက် ခရစ်ယာန် ပြည်သူ့စစ်ခေါင်းဆောင်တွေလည်း အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

တချိန်က အားကစားဝန်ကြီး ဖြစ်ခဲ့တဲ့ နဂေဆိုနာဟာ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ နှိပ်စက်မှုနဲ့ ညှဉ်းဆဲမှုတွေနဲ့ တရားစွဲခံထားရပါတယ်။

ယဲ့ခါတွန်ကတော့ နဂေဆိုနာနဲ့ အမှုတွဲဖြစ်တဲ့အပြင် ကလေးစစ်သား သုံးစွဲမှု နောက်တိုးတမှုပါ ထပ်ပေါင်းရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up