Home
မြန်မာသတင်း
မြန်မာ့မီးရထား အထက်မြန်မာပြည် အထွေထွေမန်နေဂျာနေအိမ် လက်လုပ်ဗုံးပစ်ခံရ
DVB
·
October 12, 2021

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်း၊ ၂၈ လမ်းထောင့်ရှိ မြန်မာ့မီးရထား အထက်မြန်မာပြည် အထွေထွေမန်နေဂျာရဲ့ နေအိမ်ကို အောက်တိုဘာ ၁၂ ရက် ဒီမနက် ၇ နာရီခွဲဝန်းကျင်က လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့အတွက် နေအိမ်နဲ့ ကားတို့မှာ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

“အထက်မြန်မာပြည်မှာ အကြီးဆုံးပေါ့ သူ့ရဲ့အိမ်မှာ ဗုံးပေါက်တာ။ အိမ်က GM အဆက်ဆက်နေကြတာပေါ့။ အစိုးရ ပေးထားတဲ့အိမ်။ တံစက်မြိတ်နဲ့ ဌာနက ပေးထားတဲ့ ကား အနည်းငယ်ထိခိုက်တယ်လို့ သိရတယ်။ မီးရထားက CDM ဝန်ထမ်းတော်တော်များများ သူ့ကြောင့် ဖမ်းဆီးခံရတာတွေရှိတယ်။” လို့ မြန်မာ့မီးရထား မှ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024