Tuesday, May 30, 2023
HomeLead Storyကယ်လီဖိုးနီးယားတွင် စာသင်ကျောင်းအနီး လေယာဉ်ငယ်ပျက်ကျ၊ အိမ် ၂ လုံး မီးလောင်ပျက်စီး

ကယ်လီဖိုးနီးယားတွင် စာသင်ကျောင်းအနီး လေယာဉ်ငယ်ပျက်ကျ၊ အိမ် ၂ လုံး မီးလောင်ပျက်စီး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တီယေဂိုမြို့က အထက်တန်းကျောင်းဝင်း အနားကို လေယာဉ်ငယ်တစီး အောက်တိုဘာ ၁၁ ရက်က ပျက်ကျခဲ့တာကြောင့် အိမ် ၂ လုံး မီးလောင်ပျက်စီးပြီး လူ ၂ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ အရာရှိတွေနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ 

လေယာဉ်ပျက်ကျတဲ့ နေရာနားက စန်တာနာ အထက်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေ ဘေးကင်းတယ်လို့ CBS47 မီဒီယာက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

လေယာဉ်ပျက်ကျထားလို့ လမ်းတချို့ကို ပိတ်ထားတယ်။ လေယာဉ်ပျက်ကျတဲ့ကိစ္စကို ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာနနဲ့ အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့တို့က ကိုင်တွယ် စစ်ဆေးနေတယ်လို့ စန်ဒီယေဂို မြို့နယ် ရဲဌာနက  ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular