ဘယ်လ်ဂျီယံအသင်းက အီတလီ၊ ပြင်သစ်နှင့် စပိန်တို့လို လူအင်အားမတောင့်တင်းဟု ဒီဘရိုင်း ဖွင့်ဟ

ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းဟာ အီတလီ၊ ပြင်သစ်နဲ့ စပိန်အသင်းတွေလို တောင့်တင်းတဲ့ လူစာရင်းမရှိဘူးလို့ ကွင်းလယ်လူ ဒီဘရိုင်းက ပြောပါတယ်။ 

ဘယ်လ်ဂျီယံအသင်းဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို ၂ ဂိုးအရင်သွင်းခဲ့ပေမဲ့ ၃ ဂိုးဆက် ဂိုးပေးရပြီး ရှုံးနိမ့်ခဲ့ပါတယ်။ တတိယ လုပွဲမှာလည်း အီတလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဆုတံဆိပ်နဲ့ လွဲချော်ခဲ့တာပါ။ 

ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းကတော့ သူ့အသင်းဟာ တခြား ဥရောပထိပ်တန်းအသင်းတွေလို ထိပ်တန်းကစားသမား ၂၂ ဦးမရှိကြောင်း၊ ဘယ်လ်ဂျီယံအသင်းမှာ မျိုးဆက်သစ် ကစားသမားတွေ ရှိပြီး လူကာကူနဲ့ ဟာဇက်တို့ မကစားနိုင်ချိန်မှာ အခြေအနေအမှန်ကို သိရှိဖို့လိုကြောင်း ဒီဘရိုင်းက ပြောပါတယ်။ 

နေးရှင်းလိဂ်တတိယလုပွဲမှာ အီတလီဘက်က တိုက်စစ်မှူး အီမိုဘီလီနဲ့ ဘယ်လော့တီတို့ မပါဝင်ခဲ့ပေမဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး လူကာကူနဲ့ ဟာဇက်တို့ မပါဝင်နိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံကပိုပြီး အားနည်းသွားစေခဲ့တာ ဖြစ်ပါတယ်။

More News
Up