အရာတော်မြို့က တက်ကြွလှုပ်ရှားသူပရဟိတ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ အမှတ်(၃)ရပ်ကွက်မှာနေထိုင်တဲ့ တိုင်းရင်းဆေးကျောင်းသူ မခင်ငြိမ်းလွင်ကို အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းက သူ့ရဲ့နေအိမ်မှာ အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ ပရဟိတသမားပါ။ သပိတ်စစ်ကြောင်းတွေမှာတော့ မုန့်ဝေတာတို့၊ ရေသန့်ဝေတာတို့တော့ လုပ်ခဲ့ဖူးတာပေါ့။ ဒါကြောင့်ဖမ်းသွားတယ် ထင်တာပဲ” လို့ ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် မခင်ငြိမ်းလွင်ဟာ  တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်ပြီး တိုင်းရင်း‌ဆေးပညာနဲ့ ပြည်သူလူထုကို ကူညီကုသပေးနေသလို ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်မှာ တော်လှန်ရေးကာလအတွင်း တက်ကြွလှုပ်ရှားသူလူငယ် ၂၀ လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

More News
Up