Wednesday, May 31, 2023
HomeLead Storyရေးမြို့နယ် နှစ်ကရင်ကျေးရွာ ရဲစခန်း ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခံရ

ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ရဲစခန်း ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာရှိ ရဲစခန်းကို အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ ရေး PDF ပြောက်ကျားအထူးတပ်ဖွဲ့က ချိန်ကိုက်မိုင်း ၁ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ရဲဝန်ထမ်းတွေကို CDM ဝင်ဖို့ ဖိအားပေးတဲ့အနေနဲ့ အခုလို ချိန်ကိုက်မိုင်းဖောက်ခွဲခဲ့တာဖြစ်ပြီး အချိန်တစ်ပတ်အတွင်း CDM မဝင်ပါက  ထပ်မံတိုက်ခိုက်သွားမယ်လို့ ရေး PDF က သတိပေးလိုက်ပါတယ်။

ရေး PDF က စစ်အာဏာရှင်လက်အောက်ခံ  စစ်တပ်၊  ရဲတပ်ဖွဲ့ဝင်တွေ နဲ့  သတင်းပေးတွေအပြင် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မကြာခဏဗုံးခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အနည်းဆုံး ၅ ဦးလောက်ရှိပြီလို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ရေးမြို့အဝင် အထွက်တွေ အားလုံးမှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ဆေး ဖမ်းဆီးခံနေရကာ စစ်ကောင်စီတပ်က ရေး PDF ဆိုပြီး သာမန်အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular