Live
Home
မြန်မာသတင်း
ပေါင်မြို့ YMBA နာယက ပစ်သတ်ခံရသည့်သတင်း ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သည့် လူငယ် ၈ ဦး ဖမ်းဆီးခံရ
DVB
·
October 9, 2021

မွန်ပြည်နယ်၊ ပေါင်မြို့က YMBA အသင်း နာယက သေနတ်ပစ်သတ်ခံရတဲ့ အကြောင်းကို  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် ပထမဆုံးတင်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာ ၈ ရက်နေ့က လူငယ် ၈ ဦး အဖမ်းခံလိုက်ရပါတယ်။

အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ပေါင်မြို့နယ် စွယ်တော်သုသာန်မှာ YMBA အသင်း နာယက ဦးခင်မောင်ဦး သေနတ်နဲ့ ၈ ချက်ပစ်ခံရပြီး သေဆုံးကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ပထမဆုံး တင်ခဲ့လို့ လူငယ် ၈ ဦး  အဖမ်းခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရတဲ့လူငယ်တွေနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက “စွယ်တော်သုသာန်မှာ ဒလန်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရ စာသားကို ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်လို့ ဆိုပြီး လူငယ်တယောက်ကို ၇ ရက်နေ့က ညနေက  အရင်ဖမ်းတယ်။ ပြီးတော့ နောက်ထပ် ၄ ယောက်ကို ထပ်ဖမ်းတယ်။ ၈ ရက် ညပိုင်းမှာ နောက်လူငယ် ၃ ဦးကို ထပ်ဖမ်းတယ်” လို့  ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ  ပိုစ့်တင်လို့ အဖမ်းခံရတဲ့ လူငယ် ၈ ဦးဟာ ဥတ္တံတားကျေးရွာက ဖြစ်ပြီး  သေနတ်နဲ့ ပစ်သတ်မှုမှာ တချို့ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ အကြောင်းပြ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လူငယ် ၈ ဦးကို လတ်တလော ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးးဘဲ အခုလို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်  စစ်ကောင်စီတပ်တွေ မြို့နယ်အတွင်းမှာလည်း လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024