စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောရဲစခန်းမှာ အောက်တိုဘာ ၈ ရက်ညပိုင်းက ဗုံး နှစ်လုံး ပေါက်ကွဲတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “မနေ့ ည ၁၂ နာရီလောက်က နမ့်တောရဲစခန်းမှာ ဗုံးပေါက်ကွဲတယ်။ ပထမတလုံးက အသံတိုးတယ်။ ဒုတိယတလုံးက အသံအကျယ်ကြီး။ အထိအခိုက် အပျက်အစီးလည်း ဘာမှ မတွေ့ရဘူး” လို့ ပြောပါတယ်။
နမ့်တောရဲစန်းမှာ ဗုံးပေါကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲခဲ့ကာ ထိခိုက်ပျက်စီးတာမရှိဘဲ ပေါက်ကွဲမှုတာ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။