Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကျောင်းသူ၊ ကျောင်းသား ၇၆,၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်
DVB
·
October 9, 2021

ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူ ၇၆,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၂ နှစ်အထက် အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေအတွက်  လာမယ့် အောက်တိုဘာ ဒုတိယအပတ်မှာ စတင်ထိုးပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ ကျောင်းသားတွေကို မြို့နယ် ၁၀ မြို့နယ်ရဲ့ စုရပ်နေရာ ၁၄၀ ကျော်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပေးရာမှာတော့ အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းက အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ ကျောင်းသား အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်တဝန်းမှာတော့ စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော် ရှိနေတာ ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ဦးရေ ၄ သိန်း ကျော်ရှိနေတာပါ။ အဲဒီထဲမှာ အထက်တန်းတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁ သိန်းကျော် ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024