ချမ်းမြသာစည်မြို့နယ်တွင် အကွက်မှူး ၁ ဦး ပစ်သတ်ခံရ

3.6K
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရဲ့ အကွက်မှူး အမျိုးသားတယောက် အောက်တိုဘာ ၈ ရက် ည ၆ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ် အကွက်မှူး ဦးတင်ဝင်း ဖြစ်ပြီး ၄၈ လမ်း၊ ၁၀၈ လမ်းနဲ့ ၁၀၉ လမ်းကြားမှာ ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ပစ်သတ်သွားတာဖြစ်ပါတယ်။
“သူက မြေပွဲစားလည်း လုပ်တယ်ထင်တယ်။ မြေကိစ္စပြောဖို့ ဖုန်းဆက်ခေါ်လို့ အသွားမှာ ပစ်သတ်ခံရတယ်လို့ ကြားတယ်။ နှစ်ချက်ပစ်ခံရတာ။ ဆေးရုံရောက်တော့ သေသွားတယ် ကြားတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
အကွက်မှူး ဦးတင်ဝင်း ပစ်သတ်ခံရပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေ ရောက်လာကာ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးနေပါတယ်။