ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ အောက်တိုဘာ ၈ ရက် မနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေး တာဝန်ကျ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။
ရှမ်းရိုးမ ကုန်တိုက်အနီး မြန်မာ့စီးပွားရေးဘဏ်မှာ တာဝန်ကျ ရဲတပ်ကြပ်အား အမည်မသိ အမျိုးသားတစ်ဦးက ဓားနဲ့ထိုးခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဘဏ်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
“မနက် ၁၀ နာရီလောက်မှာဖြစ်တာ၊ ဓားနဲ့ထိုးသွားတဲ့ ကောင်လေးနဲ့ ရဲနဲ့စကားများတယ်။ ရဲက လက်ကို ဖမ်းဆွဲနေတုန်း ကောင်လေးက ဓားနဲ့ ၃ ချက်ထိုးပြီး ထွက်ပြေးသွားတယ်။ မမိလိုက်ဘူး။”
ဓားထိုးခံရတဲ့ ရဲတပ်ကြပ် တင်အောင်မိုးမှာ ဒဏ်ရာပြင်းထန်တာကြောင့် တာချီလိတ်ခရိုင် ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။
ရဲတပ်ကြပ် ဓားထိုးခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာက ဘဏ်အားလုံခြုံရေးတိုးမြှင့်ချထား အနီးတဝိုက်မှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။