မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၊တံခွန်တိုင်ရပ်ကွက်၊ တံခွန်တိုင်ဘူတာ တောင်ဘက်မှာ သံလမ်းတံတား အောက်တိုဘာ ၈ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဖေက်ခွဲခံရတာ ရန်ကုန် - မန္တလေး အစုန် ရထားသံလမ်း တံတားဖြစ်ပြီး သံလမ်း ပျက်စီးတာရှိပေမယ့် လူထိခိုက်တာ မရှိဘူးလို့ အနီးပါတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ ရှာဖွေတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၈ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်း နဲ့ ၅၈ လမ်းကြား၊ ၁၁၅ လမ်း နဲ့ ၁၁၆ လမ်း အနီးက မန္တလေး - ပြင်ဦးလွင် ရထားသံလမ်းတံတားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ။