ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်းပိုင်ရှင်စာရင်းတွင် နယူးကာဆယ်က ထိပ်ဆုံးရပ်တည်

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်းပိုင်ရှင်စာရင်းမှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် အသင်းပိုင်ရှင်က နံပါတ်တစ်နေရာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ 

နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားပိုင်ဆိုင်တဲ့ ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံ မှု ရန်ပုံငွေအဖွဲ့ SPI နဲ့ တခြားရှယ်ယာရှင် ၂ ဦးက ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ 

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ၈ဝ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အမန်ဒါစတက်ဗယ်လီနဲ့ ယူဘင်ညီအစ်ကိုများက ၁ဝ ရာခိုင်နူန်းစီပိုင်ဆိုင်ပါတယ်။ 

နယူးကာဆယ်အသင်းကို ပိုင်ဆိုင်တဲ့ ဘင်ဆယ်လ်မန်ဟာ ပေါင် ၃၂၀ ဘီလီယံအထိ ကြွယ်ဝချမ်းသာသူဖြစ်တဲ့အတွက် ကမ္ဘာ့အချမ်းသားဆုံး ဘောလုံးအသင်းပိုင်ရှင်ဖြစ်လာခဲ့တာပါ။ နံပါတ် ၂ နေရာမှာ ပီအက်စ်ဂျီအသင်းကို ပိုင်ဆိုင်တဲ့ ကာတာစီးပွားရေးလုပ်ငန်းရှင် နက်ဆာအယ်လ်ခါလီဖာက ပေါင် ၂၂၀ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။ 

အဲဒီနောက်မှာ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်၊ လိုက်ဇစ် အသင်းပိုင်ရှင် ဒီယာရစ်ချ်၊ ဂျူဗင်တပ်အသင်းပိုင်ရှင်အက်နယ်လီ၊ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာ မိုဗစ်တို့က အစဉ်လိုက်ရပ် တည်ပါတယ်။ 

အချမ်းသာဆုံးပိုင်ရှင် ၁ဝ ဦးစာရင်းမှာ အယ်အေဂလက်ဇီ အသင်းပိုင်ရှင် ဖိလစ်၊ အာဆင်နယ်အသင်း ပိုင်ရှင် ခရွန်ကီ၊ အင်တာမီလန်အသင်းပိုင်ရှင် ဂျင်ဒေါင်၊ ဝုဗ်အသင်းပိုင်ရှင် ဂေါင်ချန်တို့လည်းပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up