ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အဝင် နယ်စပ်ကုန် သွယ်ရေးဝန်ထမ်းရိပ်သာအနီးမှာ ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် လားရှိုးအဝင်စစ်ဆေးရေးဂိတ်ကိုလည်း ဗုံးခွဲတိုက်ခိုက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီကနေ့ မူဆယ်အဝင် ရွှေသမင်ဂေါက်ကွင်းနားက ကုန်သွယ်ရေးဝန်ထမ်းရိပ်သာနားမှာ ပေါက်ကွဲမှုတစ်ခါဖြစ်တယ်။ ပြီးတော့ ၁၀၅ မိုင် လားရှိုးအဝင် မောင်းတံဂိတ်နားမှာ တစ်ခါဖြစ်တယ်။ လူထိခိုက်သေဆုံးတာတော့ မကြာရသေးဘူး" လို့ နယ်ခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကြီးကြီးမားမားပျက်စီးဆုံးရှုံးတာ မရှိခဲ့တဲ့အပြင် လူထိခိုက်ဒဏ်ရာရ သေဆုံးတာလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မူဆယ်မြို့နယ် ကျင်စန်းကျော့နယ် စပ်ဂိတ်နယ်မြေမှာ ရဲအရာရှိတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
မူဆယ်မြို့နယ်အတွင်းက ပန်ဆိုင်း(ကြူကုတ်) နဲ့ မုံးကိုးဒေသတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ထိုးစစ်ဆင်နေပြီး TNLA တအာင်းတပ်၊ KIA ကချင်တပ်နဲ့ MNDAA ကိုးကန့်တပ် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ အဓိကစစ်ရေးလှုပ်ရှားနေကြပါတယ်။
လက်ရှိ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေကြား မူဆယ်ခရိုင်တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။