ပါကစ္စတန် ငလျင် လူ ၂၀ ထက်မနည်းသေဆုံး

3.3K
ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၇ ရှိတဲ့ ငလျင် အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းမှာ လှုပ်ခတ်အပြီး လူအယောက် ၂၀ ထက် မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၆ ယောက်ထက် မနည်းပါတဲ့အပြင် လူအယောက် ၂၀၀ ကျော်လောက်လည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်ဟာ ဘာလူချီ စတန်ပြည်နယ် ဟာနိုင်းမြို့နဲ့ ၁၄ ကီလိုမီတာအကွာ မြေအောက်အနက် ၁၂ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိစစ်တမ်းဌာန USGS က ပြောပါတယ်။
ရွှံ့နံရံနဲ့ ဆောက်ထားတဲ့ အိမ်အလုံး ၁၀၀ ကျော် ပြိုကျခဲ့တယ်လို့ ဟာနိုင်းမြို့ ဒုကော်မရှင်နာမင်းကြီး ဆိုဟေး အန်နဝါက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အစိုးရအဆောက်အအုံအပါအဝင် အဆောက်အအုံအများအပြား ထိခိုက် ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။