ဘိုကလေးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
·
October 7, 2021
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာအုပ်စု၊ မလော့ကျေးရွာက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ဘိုကလေးမြို့နယ် PDF က ကြေညာပါတယ်။
ဒီကာလမှာပေါက်ကွဲသံကြားပါက သွားမကြည့်ဖို့နဲ့ မပေါက်ကွဲသေးတာတွေ့ပါက ပြည်သူတွေ မလန့်ကြဖို့အပြင် စစ်ကောင်စီတွေ တိုက်ခိုက်ခံရတာကို ကိုယ့်အိမ် CCTV ထဲပါနေရင် ဖျက်ပေးဖို့ ဘိုကလေးPDFက တောင်းဆိုလိုက်ပါတယ်။
ဘိုကလေးမြို့သူမြို့သားတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေ ဖြတ်သန်း သွားလာတာနဲ့ ပတ်သက်လို့ သိရှိပါက PDF အဖွဲ့ကို သတင်းပို့ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။