အမေရိကန်တွင် အခြေချနေထိုင်ခွင့် DV ဗီဇာ ယနေ့စတင်ကံစမ်းနိုင်

2.8K
အမေရိကန်ပြည်ထောင်စုမှာ သွားရောက်အခြေချ နေထိုင်နိုင်မယ့် ၂၀၂၃ ခုနှစ် DV ဗီဇာ ကံစမ်းအစီအစဉ်ကို ဒီကနေ့အောက်တိုဘာ ၆ ရက်ညက စတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ပါ တယ်။
ဒီအစီအစဉ်ကိုတော့ တခြားနည်းလမ်းတွေနဲ့ လျှောက်ထားတာကို လက်ခံမှာမဟုတ်ဘဲ အစဉ်အဆက် သုံးစွဲလာတဲ့ နည်းလမ်းဖြစ်တဲ့ dvlottery.state.gov ဝက်ဘ်ဆိုက်အင်တာ နက်လိပ်စာကနေတဆင့်ပဲ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လျှောက်လွှာတင်တာ အခမဲ့ဖြစ်သလို လာမယ့် နိုဝင်ဘာ ၉ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ဖို့၊ ၁၀ တန်းအောင်ဖို့၊ ဒါမှမဟုတ် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သက်ဆိုင်ရာ နယ်ပယ်တခုခုမှာ လုပ်သက် ၂ နှစ်ရှိဖို့ လိုအပ်မှာဖြစ်ပြီး လျှောက်ထားချိန်မှာ သက်တမ်းရှိတဲ့ ပတ်စ်ပို့ရှိရမှာ ဖြစ်ပါတယ်။