ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက မယ်သီလရှင် ဆရာလေး တပါးကို အာဏာသိမ်းစစ်အုပ်စုဘက်က ကျောင်းတိုက်အတွင်း အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အင်းရဲတိုက်နယ်၊ အင်းရဲကျေးရွာအတွင်းက ဓမ္မဒီပဘုန်းကြီးကျောင်းတိုက်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနဲ့ စစ်တပ်အမာခံသတင်းပေး သိန်းလွင်(ခ)ကိုလွင်တို့က စစ်အုပ်စုကို ခေါ်လာပြီး ကျောင်းထဲကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရတဲ့ မယ်သီလရှင် ဆရာလေးဟာ စည်ပင်ဝန်ထမ်းအဖြစ်ကနေ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ကာ မယ်သီလရှင်ဝတ်ပြီး ဘုန်းကြီးကျောင်းမှာ သတင်းသုံး နေထိုင်နေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါမယ်သီလရှင်ဆရာလေးကို ဖမ်းဆီးဖို့အတွက် ကျောင်းတိုက်ဆရာတော်ကို လျှောက်ထားတာမျိုး မရှိဘဲ စိတ်ထင်တိုင်း ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျုံပျော်မြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူ ၅၀ ကျော်အထိရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။https://www.facebook.com/photo/?fbid=1197089137442094&set=gm.432425098309158